မော်လမြိုင်ကျွန်း အောက်တိုဘာ ၁
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂ဝ၂ဝပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် (နောက်ဆုံး) မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းက စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ ရုံးမကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများရုံးများတွင် ယနေ့မှစ၍ အောက်တိုဘာလ ၁၄ရက်နေ့ အထိကပ်ပြထားရှိမည် ဖြစ်ပါသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မဲရုံ ၃၂၂ ရုံ သတ်မှတ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၂၄၈၈ ဦးရှိသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွင် အတိုး/အလျှော့ ရှိပါက မိသားစု CODE နံပါတ်များပြောင်းလဲမှု မရှိပါကြောင်းနှင့် ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းတို့ကို မဲစာရင်းကြေညာသည့် ၁၄ ရက်အတွင်း လာရောက် အခမဲ့ရယူတင်သွင်းနိုင်ကြောင်း ကော်မရှင်အတွင်းရေးမှူးဦးစိုးမိုးနိုင်ထံမှ သိရှိရသည်။
သီတာအောင်(ပြန်ဆက်)