နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် အထူးရဲသင်တန်းဖွင့်ပွဲကျင်းပ

လေရှီး  အောက်တိုဘာ   ၁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ရိပ်သာ(၂)အစည်းဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ အထူးရဲသင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန် တွင်ကျင်းပပြုလုပ်သည်။

သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြား ချက်မနှင့်အညီ Covid-19 ရောဂါပိုးကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အထူး ဂရုစိုက် ကာ မြန်မာနိုင်ငံ၏ အရေးကြီးသော ရွေးကောက်ပွဲနီးလာပြီဖြစ်၍  ရွေးကောက် ပွဲတွင် လုံခြုံရေး လုံလောက်စွာဆောင်ရွက်နိုင်ရေးနှင့်ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် သင်တန်းဖွင့်လှစ် ရခြင်းဖြစ် ကြောင်း  ခေတ္တမြို့နယ်မှူး ဒုရဲမှူး သန်းရွှေမှ အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ရေးမှူး ဦးဝင်းနိုင်မြင့်၊ မြို့နယ်ဆရာဝန်ဒေါက်တာနေအောင်စိုး၊ မြို့နယ်ကော်မရှင် ဦးစီးမှူး ဦးဇားပေါ့နှင့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်တို့ တက်ရောက်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား(၄၀)ဦးတက်ရောက်ပြီး သင်တန်း ကာလမှာ အောက်တိုဘာလ (၂၈)ရက်နေ့အထိ ဖွင့်လစ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဆိုင်းသား ( လေရှီး )