လေးမျက်နှာ မတ်လ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာရှိ အင်းချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ် ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငါးမျိုးမပြုန်းတီးရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ငဝန်မြစ်အတွင်းရှိ ရေလုပ်သားများအား ငါးဖမ်းရာတွင် ရှော့တိုက်ဖမ်းခြင်းများ မပြုလုပ်ရန်နှင့် စည်းကမ်းချက်များ ထုတ်ပြန်ကာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် အင်းချောင်းအတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ လေးသောင်း စိုက်ထည့်ခဲ့သည်။ ငါးမျိုးစိုက်ထည့်ရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကာ စုပေါင်းငါးလွှတ်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)