ရေတာရှည် မတ် ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသား အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ထွေးတို့က စျေးကွက်တွင် ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်အမျိုးအစားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည်များတွင် ကုန်အညွှန်းများအား ထည့်သွင်းဖော်ပြရာ၌ လိုက်နာဆောင်ရွက်ရမည်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်းဖော်ပြမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ ပြပွဲများ၊ Talk Show များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရေတာရှည်(ပြန်/ ဆက်)