ဟိုင်းကြီးကျွန်း မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် မြို့စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ မိဘပြည်သူများ အမှိုက်များအား အလွယ် တကူ မစွန့်ပစ်စေရန်နှင့် အမှိုက်များအား အလွယ်တကူစွန့်ပစ်ခြင်း၏ ဆိုကျိုးများကို သိရှိ နားလည်နိုင်စေရန်အတွက် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပြီး လမ်းဆုံလမ်းခွများနှင့် လမ်းမကြီးလမ်းဘေးဝဲယာ တစ်လျှောက်တွင် အမှိုက်စိုနှင့် အမှိုက်ခြောက်များအား ခွဲခြားထည့်သွင်းနိုင်ရန် အမှိုက်ပုံးများထားရှိပေးပြီး အမှိုက်များ အား တစ်ပတ်လျှင် (၃)ကြိမ်လိုက်လံသိမ်းဆည်းပေးသွားမယ်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)