ရေတာရှည်မြို့နယ် ကြို့ပင်သာ​ကျေးရွာ​ ရေပေးဝေရေးလုပ်ငန်းဖွင့်ပွဲကျင်းပ

ရေတာရှည် မတ် ၂၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ၌ (၇၈)နှစ်မြောက် တပ်​မ​တော်နေ့ကို ဂုဏ်ပြုသောအားဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြို့ပင်သာကျေးရွာ   ရေပေးဝေခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သန့်ဇင်​ဝေနှင့် တာဝန်ရှိသူများက ကြို့ပင်သာကျေးရွာ ရေပေးရေးလုပ်ငန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရေပေးရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြသည်။

ကြို့ပင်သာကျေးရွာရှိ  သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၆ ဒသမ ၁၆ သန်းဖြင့် စက်​ရေတွင်းတူး​ဖော်ခြင်း ဆိုလာပန့်တပ်ဆင်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ ရေစင်တည်​ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေ​ပေး​ဝေ​ရေးလုပ်ငန်းအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၃၆ ဒသမ ၃၀ သန်းဖြင့် ​ရေသန့်စင်စနစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်တိုင်ရာရောက် ရေမီတာဖြင့် နေအိမ်  ၁၈၃  အိမ်သို့ ရေဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ 

​ရေတာရှည်(ပြန်/ ဆက်)