ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့်အသက်(၈၀) နှစ်ပြည့်ပြီး(၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

မင်းလှ(အောက်) အောက်တိုဘာ ၁

 

လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမူဝန်ထမ်းဦးစီးဌာနက ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အသက် (၈၀)နှစ် ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 ထောက်ပံ့ငွေပေးအပ်ခြင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညွှန့်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ရရှိသောထောက်ပံ့ငွေများကို သက်ကြီးဘိုးဘွားများလက်ဝယ်သို့ မှန်မှန်ကန်ကန် အပြည့်အဝရောက်ရှိရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအဖွဲ့က အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ (၆၆) အုပ်စုမှ အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွား (၁၀၇၂) အတွက် တစ်ဦးလျင်ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀ နှုန်းစီဖြင့် စုစုပေါင်းငွေကျပ် ၃၂,၁၆၀,၀၀၀ အား  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးမျာထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များက သက်ကြီးဘိုးဘွားများကို အမြန်ဆုံး ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပေါက်စ မင်းလှ