ပုသိမ် မတ် ၂၂
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်(ပုသိမ်စာဖြေဌာန)၌ ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ (ပထမနေ့) ဖြေဆိုတော်မူနေသည့် သံဃာတော်များအား ကြည်ညိုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆရာတော်များကြီးများအား သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားတင်ပြခဲ့ပြီး ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်း၊ ကွမ်း ဝေရာဝစ္စ ကိစ္စရပ်များအတွက် အလှူငွေများ လှူဒါန်းခဲ့ကာ စာမေးပွဲဖြေဆိုနေမှုများအား ကြည်ညိုအားပေးခဲ့သည်။
အဆိုပါ စာမေးပွဲအား ယနေ့မှ ဧပြီလ ၃ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ (ပထမနေ့)ဖြေဆိုတော်မူရန် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ ဖျာပုံ၊ ညောင်တုန်း၊ မော်လမြိုင်ကျွန်းစာဖြေဌာနများ၌ ဖြေဆိုရန် စာရင်းသွင်းထားသည့် ရဟန်း(၄၈၁)ပါး၊ သီလရှင်(၄၂)ပါး၊ လူပုဂ္ဂိုလ်(၁)ဦးတို့ ရှိသည့်အနက်မှ ရဟန်း(၄၀၁)ပါး၊ သီလရှင် (၃၈)ပါးတို့သည် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)