စလင်း မတ်လ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စလင်းမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မွမ်းမံသင်တန်းအား ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေးမှ ကြီးကြပ်၍ အထက်တန်းအဆင့် သင်တန်းနည်းပြ (၉)ဦးဖြင့် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အထက်တန်းအဆင့် ဘာသာရပ်များ သင်ကြားပေးနေသော ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ (၂၃၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး အလယ်တန်းအဆင့်နည်းပြ (၁၄) ဦး၊ သင်တန်းတက်ရောက်သင်ကြားမှု ဆရာ၊ ဆရာမ (၅၅၆) ဦး သင်တန်းကာလမှ မတ်လ ၂၂ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ ၄ ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းကို စလင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)