ဆိပ်ဖြူမြို့နယ်တွင် (မြို့နယ်အဆင့်) အခြေခံပညာအထက်တန်း/အလယ်တန်းအဆင့် ဘာသာရပ် ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံဆွေးနွေးပွဲများကျင်းပ

ဆိပ်ဖြူ မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စနစ်သစ် သင်ရိုးသစ် အခြေခံပညာ အထက်တန်း/အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံဆွေးနွေးပွဲများကို ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ (မြို့နယ်အဆင့်) စနစ်သစ် သင်ရိုးသစ် အခြေခံပညာ အထက်တန်း/အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံဆွေးနွေးပွဲများကို မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများကြီးကြပ်၍ ယမန်နေ့နံနက် ၉နာရီမှစတင်ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း/အလယ်တန်းအဆင့် တက်ရောက်သင်ကြားမည့် ကျောင်းသား/ကျောင်းသူများ သင်ကြားမှုသင်ယူမှုစွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံဆွေးနွေးပွဲများသို့ အခြေခံပညာအလယ်တန်းအဆင့် သင်တန်းနည်းပြ ဆရာ/ဆရာမ ၁၄ ဦးဖြင့် သင်တန်းသား /သင်တန်းသူ ဆရာ/ဆရာမ ၂၁၀ ဦး၊ အခြေခံပညာ အထက်တန်းဆင့် သင်တန်းနည်းပြ ဆရာ/ဆရာမ ၉ ဦးဖြင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ ၉၂ ဦး တို့တက်ရောက်ဆွေးနွေး လျက်ရှိကြောင်း၊ ဆွေးနွေးပွဲကာလမှာ မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဟု မြို့နယ်ပညာရေးမှူးက ပြောကြားခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)