ညောင်တုန်းမြို့နယ်တွင် နွေရာသီအ‌ခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ညောင်တုန်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၁၀နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်မျိုးသူက အဖွင့်အမှာစကားပြော၍ နွေရာသီအ‌ခြေခံအားကစားသင်တန်းမှ သင်တန်းသားများက Fitness Danceနှင့် မြန်မာ့သိုင်းအားကစားနည်းများဖြင့် သရုပ်ပြကစားခဲ့ပြီး နွေရာသီ အခြေခံအားကစားသင်တန်းတွင်ဆုရရှိသည့် သင်တန်းသား များနှင့် သင်တန်းနည်းပြများအား တာဝန်ရှိသူများ ဆုလက်ဆောင်များကို ဂုဏ်ပြုချီးမြှင့်ပေအပ်ခဲ့သည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ကြက်တောင်၊ Fitness Danceစသည့် အားကစားနည်းများပါဝင်ပြီး သင်တန်းသား (၁၁၀) ဦးကို မတ်လ ၆ရက်နေ့မှ ၂၀ရက်‌နေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ထက်ဝေဖြိုး (ပြန်/ဆက်)