(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ

နတ်တလင်း မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ခရိုင်အဆင့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို အ.ထ.က(နတ်တလင်း) ကျောင်း မနောဟဒယခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို အထက်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ သူ (၁၄)ဦး၊ ကာတွန်းပြိုင်ပွဲတွင် (၂)ဦး၊ ပိုစတာပြိုင်ပွဲတွင် (၁)ဦး၊ စုစုပေါင်း ကျောင်းသား/ သူ(၁၇)၊ အလယ်တန်းဆင့် ပန်ချီပြိုင်ပွဲတွင် ကျောင်းသား/ သူ (၂၂)ဦး၊ကာတွန်းပြိုင်ပွဲတွင်(၃)ဦး၊ ပိုစတာပြိုင်ပွဲတွင်(၁)ဦး၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင်(၁)ဦး၊ စုစုပေါင်း ကျောင်းသား/ သူ(၂၇)နှင့်မူလတန်းဆင့် ပန်ချီပြိုင်ပွဲတွင် ကျောင်းသား/ သူ (၄၃)ဦး၊ ပိုစတာပြိုင်ပွဲတွင်(၆)ဦး၊ စုစုပေါင်း ကျောင်းသား/ သူ(၄၉)ဦး ပြိုင်ပွဲဝင်ကျောင်းသား/ သူ (၉၃)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကျင်းပရာသို့ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ နတ်တလင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမောင်မောင်အောင်၊ နတ်တလင်းခရိုင်ပညာရေးမှူး ဒေါ်အေးအေးဆန်း၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ရဲတပ်ဖွဲ့မှူးများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)