ပေါက်ခေါင်းမြို့၌ အလှကုန်ပစ္စည်းများ ရည်ညွှန်းအမှတ်အသားပြည့်စုံပါဝင်ခြင်းရှိ/မရှိနှင့် တားမြစ်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း      မတ်       ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့စည်ပင်သာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များ၊ အလှကုန်ပစ္စည်းမျိုးစုံရောင်းချသည့်ဆိုင်များသို့ အလှကုန်ပစ္စည်းများရည်ညွှန်းအမှတ်အသားနှင့် တားမြစ်‌ဆေးဝါးများရောင်းချခြင်းရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သုံးစွဲရန်မသင့်ကြောင်းထုတ်ပြန်ထားသည့် တားမြစ်ဓာတုပစ္စည်းများပါဝင်သော အလှကုန်ပစ္စည်းများ၊ (Perbisure)အကြောအားဆေးနှင့်(၅)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများ၏ဘူးပေါ်တွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာရေးသွင်းဖော်ပြထားခြင်းရှိ/မရှိကို အများပြည်သူများသိရှိစေရန် အသိပညာပေးခြင်းနှင့်ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးကျော်ကျော်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)