စုကလိမြို့တွင် ဘိလပ်မြေအုတ်လုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်

စုကလိ မတ် ၂၂

စုကလိမြို့တွင် ဒေသတွင်းစီးပွားရေး တစ်ခုအဖြစ်လုပ်ကိုင်လျက်ရှိပြီး ယခုအခါတွင် ပိုမိုတွင်ကျယ်ဆောင်ရွက်လျက်ရှိပြီး၊ မြေအုတ်များ အစားထိုးအသုံးပြုလျက်ရှိလာကြသည်။

ဒေသတွင်းစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်လာရာမှ ယခုအခါတွင် စုကလိမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တည်ဆောက်ဆဲ လုပ်ငန်းများတွင် မြေအုတ်များ အစားထိုးသုံးစွဲကြလာရာတွင် သယ်ဆောင်စရိတ်သက်သာခြင်း၊ အုတ်တစ်လုံးတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၂ ဘတ် ၅၀ ပြားထိ စျေးပေးရသောကြောင့် စျေးနှုန်းများ ပိုမိုသက်သာခြင်းတို့ကြောင့် ဘိလပ်မြေအုတ်များ အသုံးပြုလာကြခြင်းဖြစ်သည်။

ဘိလပ်မြေ ၅၀ ကီလို အိတ်ပါ တစ်အိတ်လျှင် အုတ်အလုံးရေ ၂၁၀ ခန့်ရရှိပြီး  ရိုက်အားကောင်းသော အမျိုးသားတစ်ဦးလျှင် တစ်နေ့ရိုက်၍ရသော အုတ်အလုံးရေ ၇၅၀ ခန့် ထွက်ရှိကြောင်း စုကလိမြို့တွင် ဒေသတွင်းစီးပွားရေး အဖြစ်လုပ်ကိုင်နေသော ဦးနိုင်လင်းဇော်ထံမှ သိရသည်။

ပိုပိုအောင်