မင်းလှ မတ်လ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက အငြိမ်းစား နိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ပြည်သူ့ဆေးရုံခန်းမ၌ ယမန်နေ့နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုများပြု လုပ်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို နံနက် ၉ နာရီမှ နေ့လယ် ၃ နာရီချိန်ထိ ဆောင်ရွက်ပေးခဲ့ရာ အငြိမ်းစားနိုင်ငံဝန်ထမ်း အမျိုးသား(၅၅)ဦး၊ အမျိုးသမီး(၅၁) ဦး စုစုပေါင်း(၁၀၆)ဦးအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများအခမဲ့ဖြန့် ဝေပေးခြင်းများကို လစဉ် (၂၁) ရက်နေ့တိုင်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
ပေါက်စ(မင်းလှ)