လပွတ္တာ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃) မိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ခရိုင်အဆင့် အခြေခံပညာ အထက်တန်းဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (၃) မိုင်ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးညွန့်က အဖွင့်အမှာစကား ပြောကြာကြပြီး ခေတ္တခရိုင်ပညာရေးမှူး ဦးဌေးဝင်းကဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့
လပွတ္တာခရိုင်အတွင်းရှိအခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၃၄၂ )ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၄ ရက် နေ့အထိ (၄) ရက်တာကာလ ဖြစ်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)