တောင်ငူ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ သာသနာ့ဗိမာန်၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျမ်းရင်း ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာ(၁)၊ ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာ(၂)၊ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(၁)၊ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာ(၂)၊ မြန်မာစာဂုဏ်ထူးနှင့်ပါဠိဂုဏ်ထူးတို့ကို (၂၁-၃-၂၀၂၃)ရက်နေ့မှ (၃၀-၃-၂၀၂၃)ရက်နေ့အထိ မွန်းတည့်(၁၂)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိဖြေဆိုရမည်ဖြစ်ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းကို (၂၈-၃-၂၀၂၃)ရက်နေ့မှ (၃-၄-၂၀၂၃)ရက်နေ့အထိ မွန်းတည့်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအချိန်ထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကိုဖြေဆိုမည့် သံဃာတော်နှင့် သီလရှင် (၃၆၉)ပါးရှိပြီး စာမေးပွဲပထမနေ့တွင် (၃၃၆)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း တောင်ငူခရိုင်သာသနာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)