သာယာဝတီ၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ကွန်ပျူတာပိုစတာ ပြိုင်ပွဲကျင်းပ

သာယာဝတီ မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခရိုင်အဆင့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ကွန်ပျူတာပိုစတာပြိုင်ပွဲကို အ.ထ.က(၁)သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး၊ ကာတွန်းပြိုင်ပွဲတွင်(၉)ဦး၊ ပိုစတာပြိုင်ပွဲတွင်(၃)ဦး၊ ကွန်ပျူတာပိုစတာ(၃)၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၈၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကျင်းပရာသို့ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ကိုကို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဥာဏ၊ ခရိုင်ပညာရေးမှူးဦးဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စိုးလွင် တို့ကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)