ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများထုတ်ပေး

ကျောက်ကြီး စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွာရေးဘဏ်၌ ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားဦးရေ (၁၁၀၀) ကျော်ခန့်ရှိရာ၊ ယနေ့၌နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၃၀၀) ကျော်ခန့်အား ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ပြီး၊ ကျန်ရှိသူများအား နောက်ရက်ဘဏ်လုပ်ငန်းချိန်အတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှသိရသည်။

ပင်စင်လစာများထုတ်ပေးနေစဉ်အတွင်း ကျောက်ကြီးမြို့နယ်ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား သက်တောင့်သက်သာနားနေနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စီစဥ်ဆောင်ရွက်ပေးထားပြီး ပင်စင်လစာငွေများ ထုတ်ယူနိုင်ရေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်