လပွတ္တာမြို့၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၃၄)အား ခန့်အပ်၍ သင်တန်းပို့ချ

လပွတ္တာ       အောက်တိုဘာ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းကို  လပွတ္တာမြို့ အမှတ်(၃)ရပ်ကွက် အထက ကျောင်းတွင် ကျင်းပြုလုပ်သည်။

အဆိုပါသင်တန်းကို ခရိုင်ရဲမှူးကြီးမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများ ရှင်းလင်းပြောကြားပြီး ၊ မြို့နယ်ရဲမှူး ရဲမှူး အောင်ငွေ ၊ မြို့နယ် စခန်းမှူး ဒုရဲမှူး မိုးကျော်   တို့မှ အထူးရဲ(၁၃၄)ဦးအား တာဝန်ယူ၍အထူးရဲတပ်ဖွဲ့ဝင်များကို စာတွေ့လက်တွေ့သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၁.၁၀.၂၀၂၀ ရက်နေ့မှ ၂၈.၁၀.၂၀၂၀ ရပ်နေ့ထိ သင်တန်းပို့ချသွားမည်ဖြစ်သည်။

သင်တန်းဖွင့်စဉ်ကာလအတွင်း သင်တန်းသားများ နေထိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးခြင်း သင်တန်းသားအိပ်ဆောင်၊ စာသင်ဆောင်များကို ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနမှထုတ်ပြန်ထား ညွှန်ကြား ချက်များနှင့် သက်ဆိုင်ရာဌာနအသီးသီးတို့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိလိုက်နာရန် အသိပေးပြောကြားခဲ့ကြောင်းသိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ)