လပွတ္တာမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

လပွတ္တာ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မီးသတ်စခန်းမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့်က ပူပြင်း ခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီးဖြစ်၍ မီးလန့်မှု/မီးလောင်မှုမဖြစ်ပွားစေရန်အတွက် မီးဖိုအသုံးပြုခြင်း၊ လျှပ်စစ်မီးနှင့် လောင်စာဆီအသုံးပြု ခြင်းများအတွက် လိုက်နာရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန်များ၊ မိမိနေအိမ်နှင့် စီးပွားရေးလုပ်ငန်းများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ် ဆေးဘူးသုံးစွဲနည်းများ၊ မီးလန့်မှု/မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာ မီးသတ်စခန်းများသို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ စသည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများကို အသိပညာပေး ပြောခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)