ကော့ကရိတ် အောက်တိုဘာ ၁
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်း (၆၆ kv) လျှပ်စစ် ဓာတ်အား လိုင်းဆောင်ရွက်ရာတွင် လျှပ်စစ်ကြိုးတန်းနှင့် မလွတ်ကင်းသော နှစ်ရှည်သီးပင်စားပင် များအတွက် ဒုတိယအသုတ် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ဝင်းကကျေးရွာ၊ သမိန်ဒွတ်ကျေးရွာနှင့် ထီဟူးသံကျေးရွာများတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားမှာ ကော့ကရိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်မျိုးသန့်မှ လျှပ်စစ်သွယ်တန်း ရာတွင် လျှပ်စစ်ကြိုးနှင့်မလွတ်ကင်းသော နှစ်ရှည်သီးပင်စားပင် များအား လျော်ကြေးငွေပေးအပ် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သမိန်ဒွတ်ကျေးရွာအုပ်စု၊ ဝင်းကကျေးရွာအုပ်စုနှင့် ထီဟူးသံကျေးရွာ အုပ်စုများမှ နစ်နာသည့်တောင်သူ (၂၄၂) ဦးအတွက် လျော်ကြေးငွေ ကျပ် သိန်းပေါင်း (၃၀၇၉) သိန်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးလှိုင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုးထက်အောင်(ပြန်ဆက်)