မကွေး မတ် ၂၂
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က တိုင်းပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ မကွေးလေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဆောင်သစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း ၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ပြင်ပလူနာဆောင်သစ် ကမ္ဗည်းမော်ကွန်း ကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာ ဆောင်သစ်တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ပလူနာဆောင်သစ်တွင် လူနာများအား ဆေးကုသပေးနိုင်ရေးအခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေ၊ တာဝန်ကျဆရာဝန်များနှင့် သူနာပြုဆရာများ၏ အခန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လူနာများအား ကုသရာတွင် အသုံးပြုမည့်ပစ္စည်းများ ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)