ကန်ကြီးထောင့်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ကန်ကြီးထောင့် မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို  ယမန်နေ့နံနက် (၈)နာရီက စတင်၍  ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မတ်လအတွက် ပင်စင်လစာငွေများကို မတ်လ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ နံနက်(၈)နာရီမှ မွန်းလွဲ (၂)နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက ၂၀၂၃ခုနှစ်၊ ဧပြီလ လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကန်ကြီးထောင့်မြို့နယ်တွင် မတ်လ ၂၁ ရက်နေ့တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၉၆၈)ဦး ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်းနှင့်  မတ်လ (၂၁) ရက်နေ့တွင်ပင်စင်စား (၂၈၁)ဦးအား ထုတ်ပေးပြီးဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မဇင် (ပြန်/ဆက်)