မြင်းမူ အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေး ကောက်ပွဲတွင် မဲပေးနိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်းများကို ယနေ့မှစ၍ သက်ဆိုင်ရာနေရာအသီးသီးတွင် ကပ်ထားပေး လျှက်ရှိ ကြောင်းသိရှိရသည်။
ယင်းအသိပေးကပ်ထားခြင်းများအား၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးတင်အောင်လွင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးမှုးဦးအောင်ခိုင်ဇော်နှင့် တာဝန်ရှိသူ များက လိုက်လံစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား၊ မဲဆန္ဒရှင်များပိုမိုသိရှိနိုင်ရန်ဆော်ဩပေးရေး၊ ကော်မတီ ဝင်များ မှအလှည့်ကျမပြတ် စောင့်ကြည့်ပြီး မဲဆန္ဒရှင်များလာရောက် ကြည့်ရှု့မှု အပေါ်ကူညီဆောင်ရွက်ပေးရေးနှင့် မဲဆန္ဒ ရှင်များ၏ ပြင်ဆင်လိုသည့်ကိစ္စရပ်များအား သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက် ပေးရေးတို့နှင့် ပါတ်သက်၍ မှာကြား ခဲ့ကြောင်းသိရရှိရသည်။
မြင်းမူမြို့နယ်အတွင်း၊ ပထမအကြိမ်မဲဆန္ဒရှင်အမည်စာရင်း အသိပေးထုတ်ပြန်စဉ်က မဲပေးနိုင်သူဦးရေ(၉၃၉၁၀)ဦးရှိခဲ့ပြီး၊ ယခုဒုတိယအကြိမ် မဲပေးနိုင်သူဦးရေမှာ (၉၄၁ ၆၆) ဦးရှိခဲ့ပြီး မဲပေးနိုင် သူဦး ရေမှာ(၂၅၆)ဦးတိုးလာခဲ့ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)