ဇီးကုန်း အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တတိအကြိမ် မဲဆန္ဒရှင် အမည် စာရင်းများကို ယနေ့နံနက်မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရုံးတွင် အများပြည်သူကြည့်ရှုနိုင်ရန် အသိပေးကြေညာထားရှိလျက် ရှိကြောင်းသိရသည်။
ဆန္ဒမဲပေးခွင့်ရှိသူများပါဝင်သည့် အမည်စာရင်းများကို အများပြည်သူကြည့်ရှုနိုင်ရန် သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးများရုံးတွင် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ အသိပေးကြေညာ ထားရှိပြီးဖြစ်ကြောင်းနှင့် ဇီးကုန်း မြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)အုပ်စု၌ မဲရုံပေါင်း (၅၅) ရုံဖွင့်လှစ် သွားမည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၅၆၁၀၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)