ဇီးကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဇီးကုန်း မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့က စီစဉ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ဇီးကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မာမာဦးနှင့် မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူးသက်လွင်တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ပြည်သူများလိုက်နာ ဆောင်ရွက်သင့်သည့်အချက်များ၊ မီးကိုစနစ်တကျသုံးစွဲစေရေး၊ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လက်ရှိဆောင်ရွက်နေမှုများအား ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ဆွေးနွေးမေးမြန်း တင်ဆက်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ၊ Talk Show ဆွေးနွေးပွဲများနှင့် ပြည်သူ့အကျိုးပြု နယ်မြေသတင်းများကို ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ဆက်လက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)