မြိတ် ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအတွက် ဆေးဆိုင်များအား ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချခြင်းရှိ/မရှိကို တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြိတ်မြို့ရှိ ဆေးဆိုင်များ အား ရှောင်တခင်ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။
စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာ၌ ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါး၊ တရားမဝင်ဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ စပ်ဆေးများ ရောင်းချခြင်းရှိ/မရှိတို့ကို ဆေးဆိုင်(၉)ဆိုင်အား ရှောင်တခင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာ ဆေးဆိုင်တစ်ဆိုင်တွင် သက်တမ်းလွန် ဆေးဝါး (၉)မျိုး တွေ့ရှိခဲ့၍ ၄င်းတို့အား သိမ်းဆည်းခဲ့ပြီး နောက်နောင်ရောင်းချမှု မရှိစေရေးအတွက် အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ခိုင်ထူး(ပြန်/ဆက်)