ချောက် မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်အဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ချောက်မြို့ အ.ထ.က(၂)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးမန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူးဦးထွန်းဆင့်ဝင်းက ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲများကို မြို့ပေါ်အခြေခံပညာ အ.ထ.ကကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ပြီး အထက်တန်းအဆင့်မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထီဝင်၊ သမိုင်းဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးမှုများကို နည်းပြဆရာ(၉)ဦးဖြင့် ဆရာ/ဆရာမ(၁၆၄)ဦးအား အ.ထ.က (၄)ကျောင်း၌လည်းကောင်း၊ အလယ်တန်းအဆင့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးမှုများကို နည်းပြဆရာ(၁၇)ဦးဖြင့် ဆရာ/ဆရာမ (၄၀၇)ဦးအား အ.ထ.က(၂)ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ (၄) ရက်ကြာ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)