၂၀၂၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်

မအူပင် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ကော်မတီများ ဖွဲ့စည်းတာဝန်ပေး အပ်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရေး၊ သင်္ကြန်ကာလအတွင်း ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေလုံလောက်မှုရှိစေရေး၊  ကြိုဆိုနေရာချထာရေးနှင့်ဧည့်ခံရေး၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်  ကော်မတီအလိုက် ဖွဲ့စည်းတာဝန်များ ပေးအပ်ထား၍ ကော်မတီအလိုက် အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ လုပ်ငန်းကော်တီများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးပေးကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)