ပေါင်းတည်မြို့နယ်၌ မိုးကြိုစပါး​ပြည့်မီကျော်လွန် အထွက်တိုးစေရေး စိုက်ပျိုးစရိတ်များထုတ်ချေးပေး

ပေါင်းတည် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် နွေစပါးတိုးမြှင့်ထုတ်လုပ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးကြိုစပါးစိုက်ပျိုးမည့် တောင်သူများသို့ စိုက်ပျိုးစရိတ်များ ထုတ်ချေး လျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ယနေ့တွင် ၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးကြိုစပါးစိုက်ပျိုးမည့် ဘုရားငါးဆူကျေးရွာအုပ်စုမှ တောင်သူ ၃၂ ဦး၏စိုက်ဧက ၁၅၁ ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် စိုက်ပျိုးစရိတ် ချေးငွေ ၂၂၆၅၀၀၀ဝ ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ယင်းမတိုင်မီရက်များအတွင်းကလည်း ရွှေဝါရောင်၊ မဏိကမ္ဘာ စိုက်ပျိုးရေးကုမ္ပဏီများကလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ နွေစပါးစိုက်တောင်သူများသို့ စိုက်ဧက တစ်ဧကလျှင် ဒေသပေါက်စျေးထက် သက်သာသောနှုန်းထားဖြင့် ကျပ်နှစ်သိန်းနှင့်ညီမျှသည့် ကွန်ပေါင်းယူရီးယား ဓာတ်မြေသြဇာအိတ်များကိုလည်း ကြိုတင်ဖြန်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)