ညောင်လေးပင်မြို့နယ်တွင် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းဖွင့်လှစ်

ညောင်လေးပင် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါဘာသာရပ်စွမ်းရည် မွမ်းမံသင်တန်းအား ခရိုင်ပညာရေးမှူး ဦးညွှန့်ဝေနှင့် မြို့နယ်ပညာရေးမှူး ဦးစောဝါးလယ်ထူးတို့မှကြီးကြပ်၍ သင်တန်းမှူး ၇ ဦးဖြင့် သင်တန်းပို့ချပေးလျက်ရှိကြောင်းသိရသည်။

ယင်းသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့်ဘာသာရပ်များ သင်ကြားပေးနေသော ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ ၂၀၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ  (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်