ဟင်္သာတခရိုင်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းဆင့် ဆရာ/ဆရာမများ ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်း ပူးပေါင်း ကြိုးစားရမည်ဖြစ်ကြောင်း စသည့်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းမှ စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်ရခြင်း အကြောင်းအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အထက်တန်း၊ အလယ်တန်း ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကား ပြောကြားခဲ့သည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းနားသို့ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၆၉၁ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၂၁-၃-၂၀၂၃) ရက်နေ့ မှ (၂၄-၃-၂၀၂၃) ရက်နေ့အထိ ဟင်္သာတမြို့ပေါ်ရှိ အထက်တန်း ကျောင်း ၅ ကျောင်းနှင့် အလယ်တန်းကျောင်း ၂ ကျောင်းတို့တွင် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် (၄)ရက်ကြာ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ