အိမ်မဲ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နေ့နံနက်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယခုလ (၂၁)ရက် နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း ၁၆၀၀ ကျော်ရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ် မှသိရသည်။
“အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို ဒီလမှာတော့(၂၁)ရက်နေ့ကနေ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာ ဆက်လက်ထုတ်ပေးသွားမှာပါ။ ယနေ့ နံနက်ပိုင်း(၁၀)နာရီလောက်အထိ အငြိမ်းစာဝန်ထမ်း (၁၀၀)ဦး ကျော်လောက်ပင်စင် လစာထုတ်ပေးပြီး ပါပြီလို့ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)