အုတ်တွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အုတ်တွင်း မတ် ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်းအဖွဲ့(Youth Club)တို့ပူးပေါင်း‌၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အမြင်ခေါင်းစဉ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ကနဦးအနေဖြင့်ရှင်းလင်းပြောကြားပြီး လူငယ်နဲ့ အမြင်ခေါင်းစဉ်တွင်ပါဝင်သည့် အမြင်ကောင်းရန်အတွက် အကောင်းမြင်ရန်လိုအပ်ကြောင်း၊ အမြင်မှန်ရရေး အမှန်မြင်တတ်ရန်လည်းလိုကြောင်း၊ အမှန်မြင်လာခြင်းသည်လည်း အမြင်မှန်ရခြင်းပင်ဖြစ်ကြောင်းစသည့်အ‌ကြောင်းအချက်များကို လူငယ်အသင်းအဖွဲ့(Youth Club)ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးကြသည်။

အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အဆိုပါစာဖတ်ဝိုင်းကို ၂၀၁၈ ခုနှစ်မှစတင်ကာ လစဉ်ပုံမှန်ပညာပေးဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)