ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်ရုံးရှိ မီးသတ်ဝန်ထမ်း ၄၉ ဦး အတွက် စားသောက်ကုန်ပစ္စည်း ၄ မျိုးထောက်ပံ့

ရေစကြို အောက်တိုဘာ ၁

ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်ရုံးရှိ မီးသတ်ဝန်ထမ်း ၄၉ ဦးအတွက် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးဌာနရုံးတွင် စားသောက်ကုန်ပစ္စည်း ၄ မျိုးထောက်ပံ့ပေးအပ်သည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် ရေစကြိုမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီအောင်က ဝန်ထမ်း ၁ ဦးကို ဆန် ၂ ပြည်၊ ဆီတစ်လီတာဗူး ၁ ဗူး၊ ကြက်ဥ ၅ လုံး၊ ကြက်သွန်နီ ၈၀ ကျပ်သားတို့ကို ကိုဗစ်-၁၉ ကာလတွင် ဝန်ထမ်းများ စားသောက် စရိတ်သက်သာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ ပံ့ပိုးကူညီမှုဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

နွယ်နွယ်အောင်( ပြန်/ဆက်)