ဝေါလေမြိုင် အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ဝေါလေမြိုင်မြို့ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။
ဝေါလေမြိုင်မြို့တွင် မဲစာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန်အတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာစဉ်က မဲစာရင်းတွင် နာမည်မပါရှိခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း နှင့် နာမည်ပါရှိပြီး အချက်အလက်များ မှားယွင်း နေခြင်းများကို ပြင်ဆင်ဖြည့်စွက်ပြီး ဒုတိယအကြိမ်အဖြစ် မဲစာရင်းများကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကြေညာပေးမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် လာရောက် ကြည့်ရှုစစ်ဆေးပြီး မှားယွင်းမှုများရှိနေပါက သတ်မှတ်ပုံစံများဖြင့် ပြန်လည်လျှောက်ထား နိုင်ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့တွင် ရပ်ကွက်(၂)ရပ်ကွက်၌ မဲရုံ (၂)ရုံထားရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၂၁၁၂ ဦး ရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)