အုတ်တွင်းမြို့နယ်၌ Mobile Library ဆောင်ရွက်ပေး

အုတ်တွင်း မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ကြက်သွန်ခင်း(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ လွယ်လင့်တကူစာပေဖတ်ရှုလေ့လာနိုင်စေရေး၊ စာပေမှရရှိသည့်အထွေထွေဗဟုသုတများတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့်အလေ့အထကောင်းများရရှိနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စာဖတ်ပရိသတ်များကြိုက်နှစ်သက်သည့် သုတ၊ ရသ၊ ဝတ္ထု၊ ဆောင်းပါးနှင့်မဂ္ဂဇင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက်ငှားရမ်းပေးခဲ့သည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို အပတ်စဉ်ပြုလုပ်လျက်ရှိပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များနှင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)