ဟုမ္မလင်း မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို မတ်(၂၁)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပြိုင်ပွဲတွင် ကျောင်းသား/သူများအား ဥာဏ်ရည်၊ ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန် အသိပညာ ဗဟုသုတများ တိုးလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရဖြစ်ကြောင်း သိရသည်။
ဆက်လျက်၍ မူလတန်း ထက်/ဆင့် ကျောင်းသား/သူ(၂၀)ဦးက ပြိုင်ပွဲများ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)