ညောင်တုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ညောင်တုန်း  မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

အသိပညာပေး‌ဟောပြောပွဲတွင် မြိုနယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဒေါ်အေးစုနန္ဒာက ပူးပြင်းခြောက်သွေ့သော နွေရာသီးသို့ ရောက်ရှိလာပြီးဖြစ်၍ မီးလန့်မှု/မီးလောင်မှု မဖြစ်ပွားစေရန်အတွက် မီးဖိုအသုံးပြုခြင်း၊ လျှပ်စစ်မီးနှင့် လောင်စာဆီအသုံးပြုခြင်းများအတွက် လိုက်နာရမည့်အချက်များနှင့် ဆောင်ရန်ရှောင်ရန်များ၊ မိမိနေအိမ်နှင့်စီးပွားရေးလုပ်ငန်းများတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများ၊ မီးလန့်မှု/မီးလောင်မှု ဖြစ်ပွားပါက နီးစပ်ရာ မြို့နယ်မီးသတ်စခန်းများသို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ စသည့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အသိပညာပေး‌ ပြောခဲ့ကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)