တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသင်တန်းအား အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ဆရာ၊ ဆရာမများ သင်ကြားမှုအရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာနိုင်စေရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

 သင်တန်းကို အလယ်တန်း၌ နည်းပြဆရာ၊ ဆရာမ(၁၂)ဦးတို့မှ သင်တန်းသား ဆရာ၊ ဆရာမ (၆၁၅)ဦးတို့အားလည်းကောင်း၊ အထက်တန်း၌ နည်းပြဆရာ၊ ဆရာမ(၉)ဦးတို့မှ သင်တန်းသား ဆရာ၊ ဆရာမ(၂၂၂)ဦးတို့အားလည်းကောင်း သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၄) ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)