ချောက်မြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ စတင်ထုတ်ပေး

ချောက် မတ် ၂၁

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့မှစ၍ နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို နိုင်ငံတော်အစိုးကသတ်မှတ်ထားသော အများပြည်သူ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊​ မတ်လ ၂၁ ရက်နေ့ကစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းယခုလတွင် (၈)ဦးတိုးလာ၍ စုစုပေါင်းပင်စင်ထုတ်ယူမည့်သူ(၃၄၈၇)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)