သဲကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

သဲကုန်း မတ် ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ကျန်းမာရေးအဆင့် တိုးတက်မြင့်မားလာစေရန်နှင့် ငွေကုန်ကြေးကျသက်သာစေရန်နှင့် သက်တမ်းစေ့နေထိုင်သွားနိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းဖြစ်ကြောင်းနှင့် ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့်အထွေထွေရောဂါများကို စမ်းသပ်စစ်ဆေး၍ လိုအပ်သောဆေးဝါးများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းအား လစဥ်ပင်စင်ထုတ်ရက်နှင့် တိုက်ဆိုင်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ရာ၊   ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းများကို မတ် ၂၁ ရက်၊ ၃၁ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အနေဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမှုအနေဖြင့် ယနေ့အငြိမ်းစားနိုင်ငံဝန်ထမ်း(၃၅)ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေးထံမှ သိရသည်။

မြို့နယ်၊ပြန်/ဆက်