မြောင်းမြ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို အ.ထ.က(၁) ပညာရတနာခန်းမတွင် ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးစသိန်းကျော်က ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်အထိ (၄) ရက်ကြာ ဆွေးနွေးပို့ချမှာ ဖြစ်ပြီး၊ အခြေခံပညာအထက်တန်းအဆင့် ဆွေးနွေးပွဲကို အ.ထ.က (၃)ကျောင်းတွင် သင်တန်းသား၊ သင်တန်းသူ (၆၁၉) ဦးကို သင်တန်းနည်းပြ ၃၀ ဦးတို့ဖြင့် လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ဆွေးနွေးပွဲကို အ.ထ.က (၁)၊ အ.ထ.က (၆)၊ အ.ထ.က(ခွဲ) အ.လ.က(၁)ကျောင်းများတွင် သင်တန်းသား၊ သင်တန်းသူ (၂၀၂၇) ဦး၊ နည်းပြ (၆၉) ဦး တို့ဖြင့် လည်းကောင်း ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာလင်း(မြောင်းမြခရိုင်ပြန်ဆက်)