နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

မအူပင် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက မအူပင်မြို့ ပြည်သူ့အားကစားကွင်းကြီးအတွင်း ကျင်းပသည်။

ရှေ့ဦးစွာ သင်တန်းသားများမှ ဝူရှူး(တရုပ်သိုင်း)သရုပ်ပြခြင်း၊ ဝူရှူး(တရုပ်သိုင်း) စွမ်းရည်ပြသခြင်း၊ ဘောလုံးစွမ်းရည်သရုပ်ပြသခြင်း၊ ရိုးရာခြင်းစွမ်းရည်ပြသခြင်းများဖြင့် သရုပ်ပြ ကစားခဲ့ကြသည်။ ၎င်းနောက် မြို့နယ်ပညာရေးမှူးဒေါ်စန်းယုမော်မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအာကာဦးမှ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မြင့်မှ ကစားနည်းအသီးသီးတွင် ဆုရရှိကြသည့် သင်တန်းသားများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)