လှိုင်းဘွဲ မတ် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြိုင်ပွဲများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရုပ်ပုံများ အသုံးပြု၍ အင်္ဂလိပ်/မြန်မာစာ စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ တေးသရုပ်ဖော်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ပျော်ရွင်စွာ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)