လှိုင်းဘွဲ မတ် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စေတနာရှင်၊ အလှူရှင်များက စုပေါင်း၍ တပေါင်းလတွင် ကုသိုလ်တရားများ ရရှိစေရန်နှင့်ပြည်သူများ စားသုံးနိုင်စေရန်အတွက် စတုဒီသာဧည့်ခံကျွေးမွေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စတင်၍ လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ အာဇာနည်လမ်းမကြီးဘေး၌ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
စတုဒီသာများ ဧည့်ခံကျွေးမွေးရာတွင် မြို့နယ်လူငယ်ရေးရာအဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်ရပ်ကွက် အလှူရှင်များက ဦးဆောင်ကာ လူမျိုးဘာသာမရွေး စားသုံးနိုင်ရန်အတွက် ထမင်း၊ သစ်သီးစုံပဲကုလားဟင်း၊ ငါးခြောက်ကြော်၊ မရမ်းသီး ငါးပိကြော်၊ ချဉ်ပေါင်ကြော်နှင့် တို့စရာမျိုးစုံအပါအဝင် အချိုပွဲအဖြစ် ရွှေမြိုင်သိန်း ရေခဲမုန့်တို့ကိုလည်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း၊ ယနေ့တွင်လည်း ဆက်လက်ဧည့်ခံ ကျွေးမွေးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လူမျိုးဘာသာမရွေး မည်သူမဆို လာရောက် စားသုံးနိုင်ပါကြောင်း မြို့နယ်လူမှုကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)