မင်းတုန်း မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ ဆောင်းနေကြာ (၅၈၉၅)ဧကစိုက်ပျိုးရန် လျာထားရာ (၅၀၇၇)ဧက စိုက်ပျိုးနိုင်ပြီး ယမန်နေ့က ရိတ်သိမ်းပြီးစီးပြီဖြစ်သည်။
ထိုသို့ ဆီထွက်သီးနှံဆောင်းနေကြာများ စိုက်ပျိုးရာရာတွင် Hybrid မျိုး(၁၈၈)ဧကနှင့် အခြားမျိုး(၄၈၈၉)ဧက စုစုပေါင်း(၅၀၇၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါနေကြာများ ရိတ်သိမ်းရာတွင် တစ်ဧကပျမ်းမျှအထွက်နှုန်း (၇.၈၆)တင်းဖြင့် စုစုပေါင်း(၃၉၉၂၁)တင်း ထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)