သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဥ်ပုံမှန်ထုတ်ပေး

သရက်ချောင်း  မတ်   ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့် ပင်စင်လစာငွေများအား လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြန်မာ့စီးပွားရေး ဘဏ်၌ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိသည်။

ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့်  ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား လာရောက်ထုတ်ယူနိုင်ကြောင်း၊ သရက်ချောင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင် လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလူဦးရေ စုစုပေါင်း (၆၈၁)ဦးရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယုယုဌေးထံမှ သိရသည်။

ပြည့်ဖြိုးပိုင် (သရက်ချောင်း)