ကျိုက်ဒုံ မတ် ၂၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ရှိန် မြှင့်မားလာစေရန်နှင့်စာပေမှ ရရှိသည့် ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ အောင်သင်းရေးသားထားသော''ပညာနှင့်ကန်တော့ခြင်း'' စာအုပ်ဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဦးမင်းငြိမ်အောင်မှ သုတနှင့်ပညာ၊ ကံဆိုးလို့ ထီပေါက်တာလား၊ အောင်သင်းမစဥ်းစားမိသမျှ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးဇော်ဝင်းဦးမှ ကုန်စိမ်းသည်မလေးတွေ၊ လမ်းဘေးမှာတွေ့ခဲ့ရတဲ့ မိန်းကလေး၊ လွယ်လွန်းလို့ ခက်နေတယ်စသည့် စာအုပ်ပါ အကြောင်းအရာခေါင်းစဥ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)